Sales Hotline : 09448001653       Download App



B.Sc (Hons) Computing Degree Program ကို ဘွဲ့ရတဲ့အထိ KMD Institute တွင်တက်ရောက်နိုင်မည်

University of Greenwich (UK) မှ ချီးမြှင့်တဲ့ B.Sc (Hons) Computing Degree Program ၏ ပထမနှစ်သင်တန်းကို Double Scholarship (25% Tuition Fees + 25% Registration Fees) ဖြင့် တက်ရောက်နိုင်ပြီလို့သိရပါတယ်။ ယခုအချိန်တွင် ပညာရေးအတွက် စိုးရိမ်နေသော မိဘများနှင့် အနာဂတ်တွင် ထူးချွန်အောင်မြင်လိုသော လူငယ်များအတွက် သင်ယူမှုကို မရပ်တန့် စေဘဲ မိမိအိမ်မှာနေပြီး UK ပညာရေးလမ်းကြောင်းကို ဘွဲ့ရတဲ့အထိ ဆက်လက်လျှောက်လှမ်းနိုင်မည်ဖြစ်ပါတယ်။

Higher National Diploma (HND)
(SQA, UK) 

(November Intake)

Double Scholarship အစီအစဉ်မှာတော့ သင်တန်းကြေး 25% Scholarship + Registration 25% Scholarship စုစုပေါင်း (၁၀) သိန်း Scholarship ရရှိမှာဖြစ်ပါတယ်။ ထို့အပြင် သင်တန်းကြေးကို အတိုးနှုန်းကင်းလွတ်ခွင့်နှင့်အတူ လစဉ်အရစ်ကျ (၃) သိန်းကျပ် ပေးသွင်းပြီး တက်ရောက်နိုင်မှာဖြစ်တယ်လို့သိရပါတယ်။
တက်ရောက်နိုင်သောသူများမှာ -
- တက္ကသိုလ်ဝင်တန်း ဖြေဆို အောင်မြင်သော ကျောင်းသား၊ကျောင်းသူများ
- IGCSE ဖြေဆိုအောင်မြင်ပြီးသော ကျောင်းသား၊ကျောင်းသူများ နှင့်
- UK Level 3 Diploma ရရှိပြီးသူများ တက်ရောက်နိုင်ပါတယ်။

Advanced Diploma (HND) ရရှိထားပြီးပါက အင်္ဂလန်နိုင်ငံရှိ University of Greenwich တက္ကသိုလ်ကြီးမှ ပေးအပ်သောဘွဲ့များမှာ -
- B.Sc(Hons) Computing,
- B.Sc(Hons) Computing (Information Systems),
- B.Sc(Hons) Computing (Network Systems)

ဘွဲ့များ၏ နောက်ဆုံးတစ်နှစ်ကို KMD Institute တွင် Scholarship များဖြင့် သင်တန်းကြေးသက်သာစွာဖြင့် ဆက်လက်တက်ရောက်နိုင်ပါတယ်။
ကျောင်းသား၊ ကျောင်းသူများ အတွက် စီစဉ်ထားရှိမှုများမှာ-
• Campus ပေါ်တွင် သင်ကြားရသည့်အတိုင်း Live Teachingစနစ်ဖြင့် ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများကြား Interactiveဖြစ်အောင် သင်ကြားပေးခြင်း။
• သင်ခန်းစာမမီသူများ၊ ပြန်လည်လေ့လာလိုသူများအတွက် Recorded Video File များ ထားရှိပေးခြင်း။
• နားမလည်သည့် သင်ခန်းစာများအတွက် ဆရာ၊ဆရာမများနှင့် One-by-One Appointment များ စီစဉ်ဆောင်ရွက်ပေးခြင်း။
• Master Degreeကို Oversea တက်ရောက်လိုသူများအတွက် Oversea Counseling Service ကိုအခမဲ့ဆောင်ရွက်ပေးခြင်း။
• UK နိုင်ငံရှိ University of Greenwich (UK) တွင် ဘွဲ့နှင်းသဘင် အခမ်းအနားကို တက်ရောက်နိုင်ရန် စီစဉ်ပေးခြင်း၊
• Bachelor Degree ရရှိပြီးသောကျောင်းသား၊ကျောင်းသူများအတွက် Internshipများ စီစဉ်ထားပေးခြင်း။

ထို့အပြင် Social Distancing ကာလပြီးဆုံး၍ Campus ပြန်လည်ဖွင့်သောအခါတွင်လည်း Fresher Welcome, Thingyan Festival, Esports events, Sports eventsနှင့် တခြားသော Activity များကိုလည်း ကျောင်းသား၊ကျောင်းသူများအတွက် စီစဉ်ကျင်းပပေးသွားမှာ ဖြစ်ပါတယ်။

On-Campus သင်တန်းများ ဖွင့်လှစ်လို့ရသည့်အချိန်တွင် ပညာရေးဝန်ကြီးဌာန နှင့် ကျန်းမာရေးဝန်ကြီးဌာန တို့၏ လမ်းညွှန်ချက်များနှင့် အညီ Yangon နှင့် Mandalay Campus များတွင် အချိန်နှင့်တပြေးညီ ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။ မဖွင့်လှစ်မီကာလတွင် Online မှ သင်ယူနိုင်ရန်အတွက် နိုင်ငံတကာတက္ကသိုလ်များ၊ ကျောင်းများနှင့် ပြည်တွင်း တက္ကသိုလ်များတွင် အသုံးပြုနေကြသော Moodle Learning Management System (LMS) အပါအဝင် အခြား Online Learning နည်းပညာများကို အသုံးပြုပြီး သင်ကြားပေးမှာဖြစ်ပါတယ်လို့သိရပါတယ်။

အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
09262600450, 09762776004, 09428055067, 09402171227, 09960881627,
09889491136 (Viber)

Facebook Page Messenger တွင်လည်း စုံစမ်းမေးမြန်းနိုင်ပါတယ်။
Page Messenger >>> Click Here <<<

KMD Institute

Interview Read 360 times