Sales Hotline : 09448001653       Download App



အခမဲ့ Online သင်တန်းများ 

Open Courses Myanmar Online သင်တန်းများ တက်ရောက်နိုင်ပြီး Microsoft Teams ဖြင့် သင်ကြားသည်ဟုသိရပါတယ်။ Office 365 Education A1 Account လည်း အခမဲ့ အသုံးပြုခွင့်ရရှိမည် ဖြစ်ပြီး Microsoft Teams ကိုသာ Download ဆွဲ Install လုပ်ဖို့လိုပါသည်။ သင်တန်းမှန်သမျှ သင်တန်းကြေး၊ စာအုပ်စာတန်းကြေး၊ စာမေးပွဲကြေး မည်သည်မျှကောက်ခံခြင်းမရှိပါလို့သိရပါတယ်။

လက်ရှိတက်ရောက်နိုင်သော ပို့ချဆဲ သင်တန်းများ-
1. အဘိဓမ်မာ (Sat, Sun 12:30 pm)
2. ဋီကာကျော် (Sat 3pm)
3. ဝိသုဒ်ဓိမဂျ (Sun 3pm)
4. Strategic English Lecture (Sun 10 am)
5. Learning Management System Fundamentals and Office 365 Training (Wed, Sat, Sun 5pm)
6. English Pronunciation Club (Wed 5:30 pm)
အောက်ဖော်ပြပါလင့်မှ သင်တန်းများလျှောက်ထားနိုင်ပါတယ်။
>>> https://bit.ly/3lAmlCY <<<

Link ကိုဝင်ရောက်လျှောက်လွှာဖြည့် Submit လုပ်ပြီးပါက opencourses@edu.mm account နာမည်ရလာပါမည်။ ထိုအမည်ကိုမှတ်သားကာ ပေါ်လာသော ညွှန်ကြားချက်များအတိုင်း သင်တန်းသို့ SMS တစ်ခု ပေးပို့မှ password ရရှိမည်ကို သတိပြုစေလိုပါတယ်။
 
သင်တန်းလျှောက်ထားသူများသည် Student Manual ကို download ဆွဲကာ Microsoft Teams ကို download ဆွဲပုံ၊ Install လုပ်ပုံ၊ အတန်းသို့ ဝင်ရောက်ပုံများကို ကြိုတင်လေ့လာနိုင်ပါတယ်။
Student's Manual Link >>> https://bit.ly/38MFzS4

သတ်မှတ်ဦးရေ ပြည့်ပြီး ပို့ချဆဲ သင်တန်းများ-
1. General English 
2. Computer Basics
3. Programming Fundamentals
4. Web Fundamentals
(General English မှ အပ ကျန်သင်တန်းများကို Open Courses Myanmar Facebook Page တွင် Live ကြည့်ရှု သင်ယူနိုင်ပါသည်။ ကျောင်းသားသစ်ထပ်မံခေါ်ယူပါက ကြေငြာပေးပါမည်။)

ထပ်မံ ပို့ချမည့် သင်တန်းများ-
1. ဥပဒေ ရေးရာ သင်တန်းများ
2. ဂျပန်ဘာသာစကားသင်တန်း
3. အခြေခံပညာဆရာဆရာမများနှင့် ဘကကျောင်း ဆရာဆရာမများအတွက် အင်္ဂလိပ်စာ၊ IT နှင့် သင်ကြားရေး ပညာသင်တန်းများ 
4. Business Management Fundamentals
5.  မြန်မာမှုနှင့်ပန်းချီပညာသင်တန်းများ
6. Advanced Programming and Web-designs
အသေးစိတ်ကို ထပ်မံ ကြေငြာမည်ဟုသိရပါတယ်။

Open Courses Myanmar တည်ထောင်သူမှာ
ဆရာတော် ဘဒ္ဒန္တ ဝါယာမသာရ (အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ၊ ဥဘတောဝိဘင်္ဂဓရ ဓမ္မာစရိယ MA (Q)) သာသနာရေးဝန်ကြီးဌာန အဘိဓမ္မာသင်တန်း သင်တန်းမှူးဆရာတော်၊ ကျောက်ချောင်းသာ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း ပဓာနနာယက ဆရာတော်) ဖြစ်ပါတယ်။

သင်ကြားသည့် ဆရာဆရာမများမှာ
ဓမ္မသင်တန်းများအတွက် ဆရာတော် ဦးဆောင်ကာ ပို့ချမည်ဟုသိရပါတယ်။ အခြားသင်တန်းများကို သက်ဆိုင်ရာ Qualification and Experience ရှိသော ဆရာဆရာမများက အဖွဲ့လိုက် မိမိတို့ ဘာသာရပ်များကို အခမဲ့ တာဝန်ယူ ပို့ချပါမည်။
Open Courses Myanmar အသေးစိတ်သိရှိလိုပါက >>> www.opencourses.edu.mm

Open Courses Myanmar မှ သင်တန်းသူ သင်တန်းသားဆရာဆရာမများအားလုံးနှင့် Open Courses Myanmar ကို စိတ်ပါဝင်စားသူများသည် Open Courses Myanmar နှင့် ပတ်သက်သော သင်တန်း သတင်းများ၊ သင်တန်းအချိန်များ သင်တန်းအသစ်များ စသည်တို့ကို အလွယ်တကူသိရှိနိုင်ပါရန် အောက်ဖော်ပြပါ Link ကိုနှိပ်ကာ Open Courses Myanmar Viber Community ကို Join လုပ်ထားနိုင်ပါတယ်။
Open Courses Myanmar Viber Community Link >>> https://bit.ly/3kvanch 

Interview Read 580 times