Sales Hotline : 09448001653       Download App



ကျောင်းသားဗီဇာဆိုင်ရာ ကြေညာချက်ထုတ်ပြန်

အကယ်၍ သင့်ကျောင်းသည် နောက်နှစ်တွင် လူကိုယ်တိုင်တက်ရောက်ရမည့် အတန်းများဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းသားဗီဇာ ပြန်လျှောက်လိုခြင်း သို့မဟုတ် အမေရိကန်ပြည်ထောင်စု၌ ကျောင်းသွားတက်ရန် ရည်ရွယ်ချက်ဖြင့် ကျောင်းသားဗီဇာအသစ်လျှောက်ထားလိုခြင်းများရှိပါက NIVInquiryRangoon@state.gov သို့ အီးမေးလ်ပေးပို့နိုင်ပါသည်။ အီးမေးလ်ပို့ရာတွင် သင်၏ အမည်၊ သင်တက်ရောက်ရမည့်အတန်းသည် လူကိုယ်တိုင် (သို့မဟုတ် လူကိုယ်တိုင်နှင့် အွန်လိုင်း ရောထားသော hybrid အတန်းများ) ဟုတ်မဟုတ်၊ ကျောင်းစတင်မည့်နေ့ရက်များကို အီးမေးလ်ထဲတွင် ထည့်သွင်းဖော်ပြရန်လိုအပ်ပါသည်။ အကယ်၍ သင်တောင်းဆိုချက်ကို သံရုံးကဆောင်ရွက်ပေးနိုင်သည် ဆိုပါက အမြန်ဆုံးအကြောင်းပြန်ကြားပေးပါမည်။ 
အောက်ဖော်ပြပါလင့် တွင်ကျောင်းသားဗီဇာလျှောက်ရန် လိုအပ်သည့်အချက်အလက်များအား ဖတ်ရှုရန်မမေ့ပါနှင့်။
>>>> Click Here <<<<

ကျောင်းသားဗီဇာ (F/M/J ဗီဇာများ) အတွက် အင်တာဗျူးမလိုအပ်ဘဲလျှောက်ထားနိုင်သော အရည်အချင်းနှင့် ပြည့်စုံပါက (လိုအပ်သောအရည်အချင်းများကို ဤနေရာတွင်ကြည့်ပါ >>>> Click Here <<<<) ယခုမှစ၍ လျှောက်လွှာများကို တနင်္လာနေ့ နှင့် ဗုဒ္ဓဟူးနေ့များတွင် မနက် ၈ နာရီ မှ ၁၀ နာရီ အတွင်း (သံရုံး ရုံးပိတ်ရက်များမှအပ) ကြိုတင်ရက်ချိန်းရယူရန်မလိုဘဲ လာရောက်၍ လျှောက်ထားနိုင်ပြီ ဖြစ်ပါသည်။ အထက်ပါ website တွင် ဖော်ပြထားသော လိုအပ်သည့်စာရွက်စာတမ်းများ ပြည့်စုံစွာ တင်ပြရန်လိုအပ်ပါသည်။  

မြန်မာနိုင်ငံအပေါ်ထားရှိသောမိမိတို့၏ ကတိကဝတ် တစ်စိတ်တစ်ပိုင်းအနေဖြင့် ကိုဗစ်-၁၉ ကူးစက်မှု ထိန်းချုပ်ရေးဆိုင်ရာ အစိုးရကထုတ်ပြန်ထားသောစည်းမျဉ်းစည်းကမ်းများအရ အမေရိကန်သံရုံးသည် လူကိုယ်တိုင်လာရောက်ရမည့် ဝန်ဆောင်မှုများကို အကန့်အသတ်ဖြင့်ဆက်လက်ပေးအပ်နေပါသည်။
ကျောင်းသားဗီဇာနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက NIVInquiryRangoon@state.gov အီးမေးပို့၍ မေးမြန်းနိုင်ပါသည်။ 

================================

Student visa announcement:  if your school will be conducting in-person classes next year and you are interested in renewing or applying for your student visa to study in the United States, please email us at NIVInquiryRangoon@state.gov. Remember to mention your name, whether your classes will in-person (or hybrid), and your school program start date in your email when you make the request. We will let you know as soon as possible if we can accommodate your request. Please don't forget to review the requirements to apply for a student visa at >>>> Click Here <<<<. 

Starting immediately, if you qualify to apply for a student visa (F/M/J) without an interview (see if you qualify here: >>>> Click Here <<<<), you can submit your application on Mondays and Wednesdays, between 8:00 a.m. and 10 a.m. (except on Embassy holidays) without making an appointment. Please make sure to bring all the required documents listed on the website above. 

As part of our commitment to Myanmar, we continue to limit in-person services at the U.S. Embassy accordance with government regulations to contain the spread of COVID-19. 
If you have more questions about student visas, email NIVInquiryRangoon@state.gov.

U.S. Embassy Rangoon

International Latest Post Read 406 times